(၂၃) ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲဝင်များအား ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

ဘားအံ၊ အောက်တိုဘာ ၇ ရက်

၇.၁၀.၂၀၂၂ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန် ခလောက်ထောင်ရေလျှံကွင်း၊ ခလောက်ထောင်ကျေးရွာ၊ ဘားအံမြို့နယ်တွင် ကျင်းပပြုလုပ်သော  ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ လည်းကောင်း၊ ၇.၁၀.၂၀၂၂ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်သော  (၂၃) ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲဝင်များအား ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)