ဘားအံ၊ အောက်တိုဘာ ၁၂ ရက်

၁၂.၁၀.၂၀၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန် အစည်းအဝေးခန်းမ(၂)၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်သော ” တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၆) အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ဘောလုံးအသင်း ထံသို့ အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနား ” သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
