သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

ဘားအံ၊ အောက်တိုဘာ ၁၄ ရက်

၁၄.၁၀.၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန် “ဇွဲကပင်ခန်းမ” သင်တန်းခန်းမဆောင်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ) စက်မှုဇုန် တွင် ကျင်းပပြုလုပ်သော ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၁၂)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၂)၊ မော်တော်ယဉ်/စက်ပြင်သင်တန်း အမှတ်စဉ်(၁၁)နှင့် ဂဟေသင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲ အခမ်းအနား သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)