သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

ဘားအံ၊ အောက်တိုဘာ ၁၆ ရက်

၁၆.၁၀.၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန် သီရိခန်းမ၊ ဘားအံပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သော လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) ၏         ” သင်တန်းဆင်းပွဲ “ အခမ်းအနား သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)