မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော်လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား တက်‌ရောက်

ဘားအံ၊ နိုဝင်ဘာ ၁ ရက်

၁.၁၁.၂၀၂၂ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန် လှာကမြင်ကျေးရွာ၊ ဘားအံမြို့နယ်တွင် ကျင်းပ ပြုလုပ်သော မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော်လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တိုင်းရင်းသားပြည်သူထူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)