ကော့ဒါန်းမယ်ကျေးရွာ (VDP) ခန်းမဆောင်နှင့် စက်ရေတွင်း (အိမ်သွယ်ရေတိုင်စနစ်) ရေပေးရေး ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဘားအံ၊ နိုဝင်ဘာ ၂ ရက်

၂.၁၁.၂၀၂၂ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန် ကော့ဒါန်းမယ်ကျေးရွာ၊ ဘားအံမြို့နယ်တွင် ကျင်းပပြုလုပ်သော  ” ကော့ဒါန်းမယ်ကျေးရွာ (VDP) ခန်းမဆောင်နှင့် စက်ရေတွင်း (အိမ်သွယ်ရေတိုင်စနစ်) ရေပေးရေး ဖွင့်ပွဲအခမ်းအနား ” သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)