ဘားအံ၊ ဒီဇင်ဘာလ ၁၆ ရက်

၁၆.၁၂.၂၀၂၂ ရက်နေ့ (၇:၃၀) အချိန်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ကံ့ကော်(၃)(၄) (၅)(၆)(၇) ကွန်ကရစ်လမ်းသစ်များ ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
