ဂျစ်ပဆန်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဘားအံ၊ ဒီဇင်ဘာလ ၂၁ ရက်

၂၁.၁၂.၂၀၂၂ ရက်နေ့ (၀၈:၀၀) အချိန် ကော့လှိုက်(ဝါးဆူး)ကျေးရွာ၊ ဘားအံမြို့နယ်၌ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ဆောင်းမြေပဲ (ဆီထွက်သီးနှံ) စိုက် ခင်းများအတွင်း ဂျစ်ပဆန်မြေဩဇာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများသို့ ဂျစ်ပ ဆန်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌဦးစောမြင့်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တောင်သူများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)