ပညာရေးစုံညီပွဲတော်ကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဘားအံ၊ ဇန်နဝါရီလ ၉ ရက်

၉.၁.၂၀၂၃ ရက်နေ့ နံနက် ၀၉:၀၀ အချိန် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်သည့် “၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကရင်ပြည်နယ် ပညာရေးစုံညီပွဲတော်ကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား” သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)