မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

ဘားအံ၊ ဇန်နဝါရီလ ၁၀ ရက်

၁၀.၁.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ အချိန် ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဘားအံတက္ကသိုလ် ၂၀၂၂-၂၀၂၃ပညာသင်နှစ် (၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ) ပထမနှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများအားကြိုဆိုမည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)