ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဇန်နဝါရီလ ၁၄ ရက်

၁၄.၁.၂၀၂၃ ရက်နေ့ နံနက် ၀၈:၀၀ အချိန် ဘားအံမြို့၊ သာယာကုန်းကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီး  ဌာန၊ ဘားအံမြို့နယ်အတွင်း ပြည်နယ်ငွေလုံငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဝေပုံမြကုမ္ပဏီမှ တာဝန် ယူဆောင်ရွက်သော ” သာယာကုန်း – ရေကျော် – ခွေးလှော်ဖော် – နတ်ကျွန်းလမ်း ” ကွန်ကရစ်

လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့လည်းကောင်း၊ ၁၀:၀၀ နာရီ အချိန် ဘားအံတက္ကသိုလ်၌ ကျင်းပ ပြုလုပ်သည့်  (၁၅)  ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)