အောင်နိုင်ရေး အလံပေးအပ်ပွဲ  အခမ်းအနားတက်ရောက်

ဘားအံ၊ဇန်နဝါရီလ ၁၄ ရက်

၁၄.၁.၂၀၂၃ ရက်နေ့ မွန်းလွဲ  ၀၂:၀၀   အချိန် ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည့် ၁၇.၁.၂၀၂၃ ရက်နေ့မှ ၂၇.၁.၂၀၂၃ ရက်နေ့ အထိကျင်းပမည့် နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ သွားရောက် ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကျောင်းသားအားကစားအဖွဲ့အား  အောင်နိုင်ရေး အလံပေးအပ်ပွဲ  အခမ်းအနား သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသားအားကစားပွဲတော်သို့ သွား ရောက်မည့် ကျောင်းသား/ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)