မဟာသင်္ကြန်ကာလအတွက် ဥပ‌ဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ၂၀၂၃ ခုနှစ်၊ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ဧပြီ ၅

ဥပဒေရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်း များအား ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အမှာစကားပြောကြားပါသည်။
ထိုသို့ ပြောကြားရာတွင် မဟာသင်္ကြန်ကာလအတွင်း အရာထမ်း၊ အမှုထမ်းများအနေဖြင့် နှစ်ဟောင်းကာလကို ပြန်လည်သုံးသပ်၍ မိမိအတွက်၊ မိမိပတ်ဝန်းကျင်အတွက်နှင့် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိစေမည့် အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ ဆောင်ရွက်စေရန် အတွက် ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်ဖို့ လိုကြောင်း၊ နှစ်ဟောင်းက အညစ်အကြေးမှန်သမျှကို ကိုယ်ရောစိတ်ပါ စင်ကြယ်သန့်ရှင်းပြီး နှစ်သစ်မှာ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ ဆုမွန်ကောင်း တောင်းပါကြောင်း၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်း များအနေဖြင့် တရားဘာဝနာ အားထုတ်နိုင်ရန်၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်လှူဒါန်းနိုင်ရန်၊ အခြားလူမှုရေးကိစ္စများ ဆောင်ရွက်နိုင်ရန် အထောက်အပံ့ဖြစ်စေရန် အလို့ငှာ ဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များအား မိမိတို့ ဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများကို ထပ်ဆင့်ထုတ်ပေးနိုင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။
အဆိုပါ အခမ်းအနားသို့ ဥပ‌ဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ အပါအဝင် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

(သတင်းစဉ်)