ဥပ‌ဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်း အခမ်းအနားကျင်းပ ပြုလုပ်

နေပြည်တော် ဧပြီ ၁၇

ဥပဒေရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော အရာထမ်း၊ အမှုထမ်း မိသားစုများ၏ မြန်မာနှစ်ဆန်း ၁ ရက် နေ့တွင် ရုံးရှေ့ပရဝုဏ်၌ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူသည့် အခမ်းအနားကို ညနေ ၁၅း ၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ရာ ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်တို့ထံမှ ကြွရောက်လာသော ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပင့်သံဃာတော် အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ် တရားတော်များ ဆက်လက် ချီးမြှင့်ပြီး ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈယ် ပူဇော်ပေးကြပါသည်။

ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်တို့အား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဖွယ်ဝတ္ထု၊ ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ရေစက်သွန်းချ အမျှပေးဝေကြကာ၊ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး ပရိတ်တရားတော်နာ အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။

(သတင်းစဉ်)