ဘားအံ၊ ဖေဖော်ဝါရီလ ၉ ၇က်

၉.၂.၂၀၂၃ ရက်နေ့ ၀၈:၀၀ အချိန် ဘားအံမြို့၊ ကမော့ကစင်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် “ သိမ်တော်ကြီး – ကမော့ကစင်လမ်းသစ်” ဖွင့်ပွဲအခမ်းအနားသို့ လည်းကောင်း၊ နေ့လည် ၁၄:၀၀ အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ဘားအံမြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အထောက်အပံ့ခံ သက်ကြီးရွယ်အို များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
