ဘားအံ၊ မတ်လ ၂ ရက်

၂.၃.၂၀၂၃ ရက်နေ့ ၁၀:၀၀ အချိန် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပ ပြုလုပ်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် “ (၆၁)နှစ်မြောက်တောင်သူ လယ်သမားနေ့ အခမ်းအနား” သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
