ဘားအံ၊ မတ်လ ၄ ရက်

၄.၃.၂၀၂၃ ရက်နေ့ ၁၂:၀၀ အချိန် ဘားအံမြို့၏ ကျက်သရေဆောင် သေဠမာရ်အောင် ဘုရားကြီးပရဝုဏ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် စတုတ္ထ အကြိမ်မြောက် အသံမစဲပဠာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
