ဘားအံ၊ မေလ ၃ ရက်

၃.၅.၂၀၂၃ ရက်နေ့ ၇:၀၀ အချိန် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်သေဌမာန်အောင်စေတီ တော်တွင် ကျင်းပပြုလုပ်သော ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားသို့ လည်းကောင်း၊ နေ့လည် ၁၅:၀၀ နာရီ အချိန် ပဲဆွမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားသို့လည်းကောင်း ကရင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
