သင်တန်းဖွင့်ပွဲများ တက်ရောက်

ဘားအံ၊ မေလ ၅ ရက်

၅.၅.၂၀၂၃ ရက်နေ့ ၇:၀၀ အချိန် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဘားအံခရိုင်မီးသတ် ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည့် (၇၇)နှစ်မြောက်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား သို့လည်းကောင်း၊ ၉:၀၀ အချိန် ဘားအံမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော သက်မွေးပညာဆိုင်ရာကာလတိုသင်တန်းများဖြစ်သော ” အခြေခံကွန်ပျူ တာသင်တန်း၊ မိတ်ကပ်နှင့်ဆံပင်အလှပြုပြင်ခြင်းသင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း”သို့ လည်းကောင်း ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)