ဘားအံ၊ မေလ ၈ ရက်

၈.၅.၂၀၂၃ ရက်နေ့ ၁၆:၀၀ အချိန် ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ သပြေလမ်းနှင့် ချယ်ရီ(၄)လမ်းထိပ်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
