အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃)နှင့် အခြေခံအင်္ဂလိပ်သင်တန်း (၂/၂၀၂၃) ဆင်းပွဲ အခမ်းအနားတက်ရောက်

ဘားအံ၊ မေလ ၃၁ ရက်

၃၁.၅.၂၀၂၃ ရက်နေ့ ၁၀:၀၀ အချိန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဘားအံခရိုင် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သော  ၂၀၂၃ အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃)နှင့် အခြေခံအင်္ဂလိပ်သင်တန်း (၂/၂၀၂၃) ဆင်းပွဲအခမ်းအနားသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)