ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ်မြောက်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ စက်တင်ဘာလ  ၂  ရက်

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့် မိန့်ခွန်းစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများ အကြား လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သင့်သည်များကို ပေါင်းစပ်ညှိနှိုင်းနိုင်ဖို့ ဆွေးနွေးပွဲ ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနကို အဘက်ဘက်က တိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာမှာ ယခုအစည်းအဝေးတွင် ၂၀၂၃ ဇန်နဝါရီလမှ ယနေ့အထိ ၈ လအတွင်း ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းသွားမှာဖြစ်ကြောင်း၊ ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းများနဲ့ နိုင်ငံတကာနှင့် ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နည်းပညာ နှင့် ဥပဒေဆိုင်ရာ အကူအညီ၊ အထောက်အပံ့များ ရရှိရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေ ရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ ရုရှား နိုင်ငံ၊ တရားရေးဝန်ကြီးဌာနနှင့်လည်း နားလည်မှုစာချွန်လွှာ(MoU)ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာတို့အကြား ဥပဒေရေး ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသန စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးကို  ဖွဲ့စည်းပုံတိုးချဲ့ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် စီမံရေးရာဦးစီးဌာနကို ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာနအဖြစ် အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် ယခုအခါ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ ဖြစ်သော ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီး ဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာနတို့ဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊
တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေအရ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေ ချုပ်က တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ဆောင်ရွက်လျက်ရှိရာ တရား လွှတ်တော်ရှေ့နေလိုင်စင် ခွင့်ပြုခြင်း၊ ပြစ်ချက်များနှင့်စပ်လျဉ်း၍ အရေးယူခြင်း တို့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ထောက်ခံတင်ပြလျက်ရှိပါကြောင်း၊ တရားလွှတ်တော်ရှေ့နေ များကောင်စီ အစည်းအဝေးကို စတုတ္ထအကြိမ်အထိ ကျင်းပဆောင်ရွက်ပြီးလည်း ဖြစ်ကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို သိရှိနိုင်ဖို့ မိမိတို့ ဝန်ကြီးဌာန Website ဖြစ်တဲ့ www.mola.gov.mm မှာ လွှင့်တင်နိုင်ရန်လည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနက အခမဲ့ဝန်ဆောင်မှု ပေးလျက်ရှိသော MLIS ကို တိုင်းဒေသကြီး၊ ပြည်နယ်များက ပြဌာန်းသော ဥပဒေများကို အချိန်နှင့်တပြေးညီ လွှင့်တင်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများက ဥပဒေများ ပေးပို့ကြရန်လိုကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာ ဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄)ကို “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ဟူသည့် ဆောင်ပုဒ် ချမှတ်ပြီး ငါးနှစ်စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိရာ လက်ရှိမဟာဗျူဟာစီမံကိန်း၏ ဖြစ်ပေါ်တိုးတက် မှုကို သိရှိရန်လိုအပ်သဖြင့် ဝန်ကြီးရုံးရှိ စောင့်ကြည့်လေ့လာအကဲဖြတ်ရေးဌာနစိတ်က ကာလလယ် အကဲဖြတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး အစီရင်ခံစာထွက်ရှိပါက ဦးစီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများသို့ ဆက်လက်ဖြန့်ဝေပေးမှာဖြစ်ကြောင်း၊ ထူးခြားဖြစ်စဉ် ဖြစ်ပေါ်မှုများကို အချိန်နှင့်တစ်ပြေးညီ တင်ပြစေလိုကြောင်း၊ ဥပဒေပြုရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ နှင့်အညီ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူ ကျင့်သုံးလျက်ရှိရာ ၂၀၂၁ ခုနှစ် အတွင်း ဥပဒေ ၆၃ ခု၊ ၂၀၂၂ ခုနှစ်အတွင်း ဥပဒေ ၄၀ ခု၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ဥပဒေ ၅၃ ခု ပြဋ္ဌာန်းခဲ့ရာ ယနေ့ထိ ဥပဒေစုစုပေါင်း ၁၅၆ ခု ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ပြဌာန်းလိုသော ဥပဒေများကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ တင်ပြကြရမှာ ဖြစ်သည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေမူကြမ်းများကို စိစစ် ခြင်း နှင့်စပ်လျဉ်း၍ ဥပဒေရေးရာဝန်ကြီးဌာနက ၁၇-၁-၂၀၂၃ ရက်စွဲဖြင့် ထုတ်ပြန်ထားတဲ့ လမ်းညွှန် ချက်(၆)ချက် နှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများက ဆောင်ရွက်ရန်လိုကြောင်း၊ မိမိ ဥက္ကဋ္ဌအဖြစ် ပါဝင်သော ဥပဒေဘာသာပြန်ကော်မရှင်အနေဖြင့် ကော်မရှင်၏ (၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို Video Conferencing စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန် ၅ ရက်မှ ၇ ရက်နေ့ အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ဥပဒေ(၁၀)ခုကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အာဆီယံနှင့် သက်ဆိုင်သောကိစ္စများ၊ အပြည်ပြည်ဆိုင်ရာဥပဒေကိစ္စများ၊ ကွန်ဗင်းရှင်းများ စသည် တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများကို အကြံဉာဏ်ပေးလျက်ရှိပြီး ICJ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဥပဒေပညာရှင်များ အသင်းဝင်ဖြစ်ပြီး (ASEAN LAW Association-ALA) အာဆီယံဥပဒေပညာရှင်များ အသင်း(မြန်မာ)တွင်  ဥက္ကဋ္ဌအဖြစ် မိမိက ဆောင်ရွက်လျက် တရားရေးအရာရှိများ၊ ဥပဒေအရာရှိများ၊ ရှေ့နေများနှင့် တက္ကသိုလ်ဥပဒေ ပညာဌာနများမှ ပါမောက္ခများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ အာဆီယံဥပဒေဝန်ကြီးများ အစည်း အဝေး(ALAWMM)ကို မြန်မာနိုင်ငံသည် ၁၂ ကြိမ်မြောက် အာဆီယံဥပဒေဝန်ကြီးများအစည်းအဝေးနှင့် (၂၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးများကို လက်ခံကျင်းပ ပေးရန်ရှိကြောင်း၊ ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများသည် အမှုလိုက်ပါဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိရန် လိုအပ်သလိုအမှုခိုင်မာအောင် စစ်ဆေးတတ်ရန်လည်း အရေးကြီးကြောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ အသစ်ပြဌာန်းသည့် ဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ ဖျက်သိမ်းသည့် ဥပဒေများကိုလည်း မျက်ခြေမပြတ် လေ့လာရန်လိုအပ်ကြောင်း၊ တရားစွဲမတင်မီ ဥပဒေအကြံပေးရာတွင် ဥပဒေအကြံပြုခြင်းအတွက် ဤရုံး၏ ညွှန်ကြားစာများကို သက်ဆိုင်ရာ ဥပဒေရုံးအဆင့်ဆင့်က လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာ ဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄)အရ ရှေ့ပြေးဥပဒေရုံးများတွင် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက် ရာတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များအား သင်တန်းဖွင့်လှစ် ပို့ချပေးလျက် ရှိသော “နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း(Legal Advocacy Training)”ဖြစ်ကြောင်း၊  ယခုအခါ အမှတ်စဉ်(၃)အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဝန်ကြီးဌာန အသီးသီးမှ နိုင်ငံ့ဝန်ထမ်းအကြီးအမှူး ၉၈ ဦးကို ဥပဒေအသိပညာပြန့်ပွားရေး အသိအမှတ်ပြု လက်မှတ်(Certificate of Legal Advocacy)ကို ချီးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ အဆိုပါသင်တန်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ နိုင်ငံဝန်ထမ်းအကြီးအမှူးအားလုံး ဥပဒေအသိပညာ အခြေခံသိရှိနားလည် တတ်မြောက်ပြီးဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေပညာ သင်တန်းကျောင်း(Legal Advocacy Center) ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်လျှက်ရှိရာ အဆောက်အဦး ပြီးစီးပါက ဥပဒေပညာသင်တန်းကျောင်း အသင့်ဖွင့်လှစ်နိုင်ရေးအတွက် ဥပဒေပညာသင်တန်းကျောင်း တည်မြဲအမိန့်(Standing Order for Legal Advocacy Center)နှင့် ဥပဒေပညာသင်တန်းကျောင်း လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ စံသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများ(Standard Operating Procedure for Legal Advocacy Center)တို့ကို မူကြမ်းရေးဆွဲပြီးဖြစ်ကြောင်း၊ စာကြည့်တိုက် အဆင့် မြှင့်တင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ပင်မစာကြည့်တိုက်ရှိ စာအုပ်များကို Software အသုံးပြု ၍ စာရင်းသွင်းထိန်းသိမ်းခြင်းကို ဆောင်ရွက်လျက်ရှိသည့်အပြင် e-Library အဖြစ် အသုံးပြုနိုင်ရေး အတွက် ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်အလိုက် ဥပဒေ၊ နည်းဥပဒေ စာအုပ်များ၊ Myanmar Laws စာအုပ်၊ ဥပဒေပညာဂျာနယ်နှင့် ဥပဒေစာအုပ် စာတမ်း အမျိုးမျိုးတို့ကို ပုံနှိပ်ထုတ်ဝေလျက်ရှိကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် သုတေသန လုပ်ငန်းအဖွဲ့ကို ပြည်တွင်း၊ ပြည်ပမှ မဟာဥပဒေဘွဲ့၊ ဥပဒေပါရဂူဘွဲ့ ရရှိထားသူများ၊ သုတေသန လုပ်ငန်းကို စိတ်ဝင်စားသူများနှင့် ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက်ရှိပြီး၊ သုတေသနအဖွဲ့များ၏ ဥပဒေသုတေသန စာတမ်းဖတ်ပွဲများကိုလည်း လစဉ်ကျင်းပ ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးများက Online ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးကြသဖြင့် ဝမ်းသာရကြောင်း စသည်ဖြင့် ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များက အစီအစဉ်များအတိုင်း မိမိတို့၏ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် တင်ပြ ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ စုံညီစွာတက်ရောက် ကြပြီး ဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းအချိန်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)