ဥပဒေပညာဂျာနယ် အတွဲ (၁၃)၊ အမှတ် (၁)

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စာအုပ်ထုတ်ဝေရေးကော်မတီမှ ထုတ်ဝေသည့် ဥပဒေပညာဂျာနယ် အတွဲ (၁၃)၊ အမှတ် (၁) စာအုပ်တွင် ပြည်တွင်းဥပဒေများအပြင် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်စပ်လျဉ်းသည့် ဥပဒေပညာရပ်ဆိုင်ရာဆောင်းပါးများဖော်ပြပါရှိပါသည်။
စာအုပ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေထားပါသည်။ စာအုပ်တန်ဖိုးမှာ ၃၅၀၀ ကျပ်ဖြစ်ပါသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး စာအုပ်အရောင်းဆိုင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးတို့တွင် ဝယ်ယူရရှိနိုင်ပါသည်။