နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက်

ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေသုတေသနစာတမ်းရေးသားခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ သုံးထပ်ဆောင်(အလယ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် Research Methodology သင်တန်းကို ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဥပဒေရေးရာဝန်ကြီးဌာနမှာရှိတဲ့ သုတေသနအဖွဲ့ဝင်များအား သုတေသနစာတမ်း များ ရေးသားခြင်းကို ကောင်းစွာသိရှိ နားလည်စေရန်၊ အရည်အသွေးပြည့်မီသော ဥပဒေသုတေ သန စာတမ်းများ ရေးသားနိုင်စေရန်၊ ယခုထက်ပိုမို၍ အရည်အချင်း ပြည့်မီသော ဥပဒေအရာရှိများ ဖြစ်လာစေရေးနှင့် လေ့ကျင့်သင်ကြားပေးရန် ဖြစ်ပါကြောင်း၊
ယခုလို ပညာရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာန တို့အကြား သင်ကြားရေးဆိုင်ရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမှာ ယခုမှ မဟုတ်ဘဲ ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါကြောင်း၊ လွန်ခဲ့သော ၂၀၂၂ ခုနှစ်၊ မေလတွင်လည်း “သင်ကြားနည်းစနစ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ” တစ်ခုကို ကျင်းပခဲ့ရာ ထိုစဉ်ကလည်း ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များက ဆွေးနွေး သင်ကြားပို့ချ ပေးခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုလိုပူးပေါင်း ဆောင်ရွက်ပေးမှုများ အတွက် ကျေးဇူးတင်ပါကြောင်း၊
ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဌာနလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်တဲ့ ဥပဒေသုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် မဟာဗျူဟာစီမံကိန်းပါ ဥပဒေသုတေသန လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဥပဒေသုတေသနအဖွဲ့များအနေဖြင့် စာတမ်းများကို စဉ်ဆက်မပြတ် ရေးသားပြုစုလျှက်ရှိရာ ယခုထက် ပိုမိုကောင်းမွန်သည့် အရည်အသွေး ပြည့်မီသော ဥပဒေသုတေသနစာတမ်းများ ရေးသားနိုင် စေရေးအတွက် အခုလိုပညာရေးဝန်ကြီးဌာနမှ ပညာရှင်များကို ဖိတ်ကြား၍ Research Methodology များကို သင်ကြားပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
သင်ယူခွင့် ရရှိသည့် ဥပဒေသုတေသန အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားပြီး ရရှိလာသည့် အသိပညာများကိုလည်း မိမိတို့ရေးသားလျှက်ရှိသည့် စာတမ်းများတွင် လက်တွေ့ပြန် လည် အသုံးချခြင်းဖြင့် ယခုထက် ပိုမိုကောင်းမွန်သည့် ဥပဒေသုတေသနစာတမ်းများ ရေးသားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဥပဒသုတေသနအဖွဲ့ဝင်(၅၆)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ (၂) ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)