အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ်  (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ အောက်တိုဘာလ ၁၃

အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၁၄း၀၀ အချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ သုံးထပ် ဆောင်အလယ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်ပြီး သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ဤ သင်တန်းသည် ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် ခရိုင်ဥပဒေရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိ အဆင့် ၁ နှင့် ၂ များ အား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲဖွဲ့စည်းပြီး ဌာနများ ပြောင်းလဲဖွဲ့စည်း ခြင်းနှင့် ပြောင်းလဲလာသည့် ဌာနများ၏ လုပ်ငန်းတာဝန်များကို သိရှိနားလည်စေရန်နှင့် ဥပ‌ဒေ အရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် Legal English ဘာသာရပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဘာသာရပ် အဖြစ် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ပြင်ဆင်သည့် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ တစ်ဆင့်ခံဥပဒေ မူကြမ်းရေးဆွဲခြင်းဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ ဥပဒေအကြံဉာဏ်ပေးရေးဘာသာရပ် အဖြစ် စီပွားရေးစာချုပ်စာတမ်းများစိစစ်အကြံပြုခြင်းနှင့် နိုင်ငံပိုင်မြေများစီမံခန့်ခွဲခြင်းနှင့် တရားမဝင်ကျူးကျော်နေထိုင်မှုများဆိုင်ရာမြေယာပြဿနာများ၊ ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနှင့်စပ်လျဉ်းသည့် သိကောင်းစရာကိစ္စများကိုလည်းကောင်း၊ တရားစွဲနှင့်အမှုလိုက်ဘာသာရပ်အဖြစ် ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုခြင်းမပြုမီ ဥပဒေ အကြံဉာဏ်ပေးခြင်း၊  အမှုလိုက်ပါဆောင်ရွက်ခြင်း၊ လျှောက်လဲချက်ပေးခြင်း၊ အယူခံမှု/ ပြင်ဆင်မှု၊ တရားမမှုဆိုင်ရာကိစ္စများကိုလည်းကောင်း၊ စီမံရေးရာဘာသာရပ်အဖြစ် နိုင်ငံ့ ဝန်ထမ်းဥပဒေ/ နည်းဥပဒေများ၊ ရုံးစစ်ဆေးခြင်း၊ စီမံရေးရာညွှန်ကြားချက်များ၊ ရသုံးမှန်း ခြေငွေစာရင်းဆောင်ရွက်ရန် လုပ်ငန်းစဥ်များကိုလည်းကောင်း သင်ကြားပို့ချခဲ့ပါကြောင်း၊ သင်တန်းကာလအတွင်း ကြိုးစားသင်ယူကြသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ သင်တန်းမှရရှိသည့် အမှုလိုက်ပညာရပ်များနှင့် အသိပညာဗဟုသုတများကို မိမိတို့ လုပ်ငန်းခွင် တွင်လက်တွေ့ကျင့်သုံးလိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိတို့ဌာန၊ မိမိတို့နိုင်ငံ အကျိုးကို ဆထက် ထမ်းပိုးထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရှိရသည်။

  (သတင်းစဉ်)