ဌာနဆိုင်ရာများ ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲအခမ်းအနားတက်ရောက်

မကွေး၊ အောက်တိုဘာလ ၃၀ ရက်

၃၀-၁၀-၂၀၂၃ ရက်နေ့ နံနက် (၇:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြသလွန်ဘုရားရင်ပြင်ပေါ်၌ ကျင်းပပြုလုပ်သော မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၉၆)ကျောင်းမှသံဃာ‌တော် (၉၆)ပါး၊သီလရှင် ကျောင်းတိုက် (၂၁)တိုက်မှ သီလရှင်(၂၁)ပါး၊ စုစုပေါင်း (၁၇၇)ပါးတို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်နှင့် တိုင်း၊ခရိုင် ၊ မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)