မြစ်ကြီးနား၊ အောက်တိုဘာလ ၂၇ ရက်

၂၇.၁၀.၂၀၂၃ ရက်နေ့ နံနက် ၉:၀၀အချိန် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ ၏ ပြည်နယ်အဆင့် ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီ အစည်းအဝေးတွင် ပြည်နယ်အဆင့်ဥပဒေ ရေးရာလုပ်ငန်း ဆပ်ကော်မတီဥက္ကဌ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးနှင့် ကော်မတီအဖွဲ့ဝင် များဖြစ်သည့် ဌာနဆိုင်ရာအကြီးအကဲများမှ ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
