မြစ်ကြီးနား၊ အောက်တိုဘာလ ၂၉ ရက်
၂၉.၁၀.၂၀၂၃ ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရှိ ဆုတောင်းပြည့်စေတီတော်၊ အံတော်ရှင် စေတီတော်နှင့် ပြည်သူ့ရင်ပြင်တို့တွင် ကျင်းပပြုလုပ်သည့် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စတုဒီတာ ကျေးမွေးသည့်နေရာများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံ ကြည့်ရှုကာ ပြည်သူများနှင့်အတူ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)