စုပေါင်းသန့်ရှင်းရေးပြုလုပ်

မြစ်ကြီးနား၊ နိုဝင်ဘာလ ၁၁ ရက်

၁၁.၁၁.၂၀၂၃ ရက်နေ့ နံနက် ၇:၀၀ အချိန် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံးဝင်းအတွင်းနှင့် ရုံးဝင်းပြင်ပတို့တွင် ရုံးပတ်ဝန်းကျင်သာယာသန့်ရှင်းရေးအတွက် ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး နှင့် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းတို့မှ ကြီးကြပ်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)