မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၄ ရက်

၂၄.၁၁.၂၀၂၃ ရက်နေ့ နံနက် ၈:၀၀ အချိန် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ကျောင်းများနှင့် အခြားဘာသာရေးအသင်းအဖွဲ့များသို့ အခြေခံစားသောက်ကုန်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
