မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၅ ရက်

၂၅.၁၁.၂၀၂၃ ရက်နေ့ နံနက် ၉:၀၀အချိန် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ဓမ္မရက္ခိတ ဝန်းသို ကျောင်းတိုက်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဝန်ကြီးဌာန၊ ဌာနပေါင်းစုံ၏ (၁၃)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်မင်္ဂလာအခမ်းအနား သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
