စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာ အခမ်းအနား တက်ရောက်

မုံရွာ၊ နိုဝင်ဘာလ ၂၅ ရက်

၂၅-၁၁-၂၀၂၃ ရက်နေ့ ၊ နံနက် (၁၀:၀၀) အချိန် ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည့် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)