ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆောင်ရွက်သည့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲအခမ်းအနား၊ ကချင်ပြည် နယ် ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ အစည်းအဝေးတို့ တက်ရောက်

မြစ်ကြီးနား၊ မေလ ၂၂ ရက်

(၂၂.၅.၂၀၂၅)ရက်နေ့  နံနက်(၀၇၃၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကျွန်းပင်သာ စက်လှေ ဆိပ်တွင် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆောင်ရွက်သည့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲအခမ်းအနားသို့  ကချင်ပြည်နယ်အစိုးရ အဖွဲ့၊ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့ကြောင်း၊ နံနက်(၀၈၃၀)အချိန်တွင်မြစ်ကြီးနားမြို့၊ ကချင်ပြည် နယ် ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ အစည်းအဝေး (ပထမ အပိုင်း)ကို ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်း တို့မှ ဦးဆောင်ကျင်းပခဲ့ပြီး ရုံးအဖွဲ့မှူး၊  ဒုတိယပြည်နယ်ဥပဒေအရာရှိများ၊ လက်ထောက် ပြည်နယ် ဥပဒေအရာရှိများ၊ ဦးစီးအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ၊ မြို့နယ် ဥပဒေအရာရှိများနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြောင်း၊ မွန်းလွှဲ(၁၃၀၀) အချိန်ခန့်တွင် ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ အစည်းအဝေး(ဒုတိယပိုင်း)အား ဆက်လက်ကျင်းပခဲ့ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ် ဥပဒေချုပ်ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်ဥပဒေအရာရှိဦးကပ်တလွန်းတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)