မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၇ ရက်

(၁၇.၁၂.၂၀၂၄)ရက်နေ့ နေ့လည်(၀၂၀၀)အချိန်တွင် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမိသားစု ခရစ္စမတ် ဆုတောင်းခြင်းအခမ်းအနားကို ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးနှင့် ပြည်နယ် ဥပဒေအရာရှိဦးကပ်တလွန်းတို့မှ ဦးစီးကျင်းပဆောင်ရွက်ခဲ့ပြီး ဖိတ်ကြားထားသည့်အငြိမ်းစားဥပဒေ အရာရှိများ၊ ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များ၊ မြစ်ကြီးနားခရိုင်/မြို့နယ်ဥပဒေရုံး၊ ဝိုင်းမော်/ အင်ဂျန်းယန်မြို့နယ်ဥပဒေရုံးတို့မှ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ခရစ္စမတ်ပွဲ တက်ရောက်လာသူများကို ခရစ္စမတ်လက်ဆောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
