ကချင်ပြည်နယ်  ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်  အ.ထ.က(ခွဲ)ထရန်ဒမ်းစာသင်ကျောင်းတွင် ဥပဒေအသိပညာပေးဟောပြော 

မချမ်းဘော့၊ သြဂုတ် ၁၈

၁၈.၈.၂၀၁၈ ရက်နေ့တွင် ကချင်ပြည်နယ်  ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်  အ.ထ.က(ခွဲ) ထရန်ဒမ်းစာသင်ကျောင်း၌ ဥပဒေအသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ရာ မချမ်းဘော့မြို့နယ် ဥပဒေအရာရှိ ဦးသန်းထိုက်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုက်ရာ ဥပဒေနှင့် ရာဇသတ်ကြီးဥပဒေ ပါ အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေးဟောပြောခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲသို့ ကျာင်းသား ၊ ကျောင်းသူ ၂၇၅ ယောက် ဆရာ၊ ဆရာမ ၁၆ ဦး ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)