မြစ်ကြီးနား၊ မတ် ၁၀

(၁၀.၃.၂၀၂၆)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ ကချင်ပြည်နယ် လွှတ်တော်ရုံး၏ ပြင်ဆင်နေမှုနှင့် ကချင်ပြည်နယ်တရားလွှတ်တော်ရုံး၏ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး မှ လိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
