မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၆ ရက်

(၆.၂.၂၀၂၅)ရက်နေ့ (၁၅၀၀)အချိန်တွင် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးခန်းတွင် ကချင်ပြည်နယ် အတွင်း၌ ဗန်းမော်/ချီဖွေခရိုင်နှင့် ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ချီဖွေ၊ ဆော့လော်မြို့နယ် ဥပဒေရုံးများရှိ တိုက်ပွဲရှောင်မိသားစုဝင်(၈)ဦးတို့ကို ထောက်ပံ့ပစ္စည်းအဖြစ် တစ်မိသားစုလျှင် ငွေတစ်သိန်းကျပ်စီ၊ ဆန်(၅)ပြည်အိတ် (၁)အိတ်စီနှင့် ခေါက်ဆွဲ(၁)ဖာစီ ထောက်ပံ့သည့် အခမ်းအနားအား ကျင်းပ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်း တို့မှ ဦးဆောင်၍ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
