ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) အထိမ်းအမှတ် အခမ်းအနားတက်ရောက်

ဘားအံ၊ အောက်တိုဘာလ ၅ ရက်

၅.၁၀.၂၀၂၃ ရက်နေ့ နံနက် ၉:၀၀ အချိန် ဘားအံမြို့နယ်၊ တရုတ်လှတိုက်နယ်ဆေးရုံ၊ တရုပ်လှစံပြကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ် သော အရန်သားဖွား (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားသို့လည်းကောင်း၊ နံနက် ၁၀:၃၀ အချိန်တွင် အောက်တိုဘာလ(၅)ရက် ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) အထိမ်းအမှတ် အခမ်းအနားသို့လည်းကောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများ နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)