ဘားအံ၊ ဇွန် ၁၈ ရက်

(၁၈.၆.၂၀၁၉) ရက်နေ့ နံနက်(၁၀:၀၀)အချိန် ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်နှင့် ဘားအံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင် နယ်မြေအဖြစ်ကြေညာခြင်း အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေဖြင့် တက်ရောက် ဟောပြောခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
