ကမ်းနားလမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲတက်ရောက်

ကချင်၊ မတ် ၂၆ ရက်

၂၆-၃-၂၀၂၄ ရက်နေ့ နံနက်၉:၀၀ အချိန် (၇၉)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျင်းပခဲ့သည့် မြစ်ကြီးနားမြို့၊ ကမ်းနားလမ်း အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

(သတင်းစဉ်)