ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

 

(၉.၇.၂၀၁၈) ရက်နေ့ နံနက်(၉:၀၀)နာရီအချိန် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကရင်ပြည်နယ်တရားလွှတ်တော်မှ ကြီးမှူးပြုလုပ်သည့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရှင်းလင်းခြင်းအခမ်းအနားတွင် ကရင်ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေအရာရှိနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)