ဘားအံ၊ ဒီဇင်ဘာလ ၉ ရက်

၉.၁၂.၂၀၂၄ ရက်နေ့ နေ့လည် (၂:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ တွင် ကရင်ပြည်နယ်အတွင်း သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် နွားများသေးဆုံးမှုကို ပြန်လည်ဖြည့်ဆည်းရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သော တိရစ္ဆာန်များ ထောက်ပံပေးအပ်ခြင်း အခမ်းအနားသို့ ကရင် ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ် အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
