ဘားအံ၊ သြဂုတ် ၁၉ ရက်


၁၉.၈.၂၀၂၂ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန်တွင် ဘားအံမြို့နယ်၊ တောင်သူ ဦးနေလင်း စိုး၏လယ်၊ သပြေကုန်းကျေးရွာ၌ စက်မှုလက်ယာဦးစီးဌာန၊ ကရင်ပြည်နယ်၊ အမှတ်(၂၀) စက်မှု လယ်ယာစခန်း၊ ဘားအံမြို့မှ ဆောင်ရွက်သည့် တောင်သူပညာပေး ” ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ” သို့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူထူထုများ တက်ရောက်ခဲ့ကြပါသည်။
