ကော့သောင်းခရိုင်ဥပဒေရုံး (၆၅×၃၀) ပေ RC (၃)ထပ် အဆောက်အဦ တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောက်လုပ်နေမှုနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

ထားဝယ်၊ နိုဝင်ဘာ ၅ ရက်

၅.၁၁.၂၀၂၅  ရက်နေ့  နံနက်  (၁၁:၀၀)  နာရီအချိန် ကော့သောင်းခရိုင်ဥပဒေရုံး (၆၅×၃၀) ပေ RC (၃)ထပ် အဆောက်အဦ တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောက်လုပ်နေမှုနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်တို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါ သည်။

(သတင်းစဉ်)