ဘားအံ၊ နိုဝင်ဘာလ ၂ ရက်

၂.၁၁.၂၀၂၃ ရက်နေ့ နံနက် ၀၈:၀၀ အချိန် ဘားအံမြို့နယ်၊ လှာကမြင်ကံ့ကော်(၈)လမ်း တွင် (၆၈)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ” လှာကမြင်၊ ကံ့ကော် (၈)လမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ” သို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
