ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဘားအံ၊ မတ်လ ၆ ရက်

၆.၃.၂၀၂၃ ရက်နေ့ ၀၈:၀၀အချိန် ဘားအံမြို့၊ ကျောက်ကလပ်(လှိုင်ရွာ)တွင် ကျင်းပပြုလုပ်သည့် “ ရဲသာ – ကမော့ကစင် – နောင်စလိုင် – ကျောက်ကလပ်လမ်း” ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ပြည်နယ်အဆင့်၀န်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)