ကွန်ပျူတာတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌  ၂၀၂၅-၂ဝ၂၆ ပညာ သင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဇန်နဝါရီလ ၉ ရက်

၉-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌  ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် နယ်မြေခံတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ် ဦးတင့်ဝေ၊ အတွင်းရေးမှူး၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)