ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ၊ နိုဝင်ဘာလ ၁၆ ရက်

၁၆-၁၁-၂၀၂၃ ရက်နေ့ ၊ နံနက် ၉:၀၀ အချိန် ၊ မုံရွာမြို့ ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန ၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ် သည့် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊  တိုင်း ဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)