ကချင်၊ ဒီဇင်ဘာ ၁၆ ရက်

၁၆.၁၂.၂၀၂၃ ရက်နေ့ နံနက် ၉:၀၀အချိန် မြစ်ကြီးနားမြို့၊ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမိသားစု ခရစ္စမတ်အထိမ်းအမှတ် ဖူဆယ် ဘောလုံး ပြိုင်ပွဲသို့ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ် ဦးတူးဂျာတို့မှ တက်ရောက်ပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်နယ်ဥပဒေရုံးဘောလုံးအသင်း၊ ဒုတိယဆုရရှိသည့် မြစ်ကြီးနားမြို့နယ်ဥပဒေရုံးဘောလုံးအသင်း၊ တတိယဆုရရှိသည့် မြစ်ကြီးနားခရိုင် ဥပဒေရုံးဘောလုံးအသင်း၊ အထူးဆုရရှိသည့် ဝိုင်းမော်မြို့နယ်ဥပဒေရုံးတို့အား ဆုတံဆိပ်ဒိုင်းများ၊ ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
