မုံရွာ၊ ဇန်နဝါရီလ ၃၀ ရက်

၃၀-၁-၂၀၂၄ ရက်နေ့ ၊ ညနေ (၀၃:၀၀) အချိန် ၊ မုံရွာမြို့ ၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
(သတင်းစဉ်)
